မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇို အာဘေး၏ ခရီးစဉ်အတွင်း အချက် ၄ ချက် ပါ ဂျပန်-မြန်မာ ပူးတွဲကြေညာချက် ကို ထုတ်ပြန်လိုက်သည်။ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ယင်းကြေညာချက်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲ ရေး လုပ်ငန်းစဉ်များအပေါ် ထောက်ခံမှု၊ နှစ်နိုင်ငံ ကြီးပွား ချမ်းသာရေး၊ နှစ်နိုင်ငံ ပြည်သူ အချင်းချင်း နှင့် ယဉ်ကျေးမှု တိုးမြှင့် ဖလှယ်ရေး၊ နိုင်ငံရေးနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာရေး စသည့် အချက်များ ပါဝင်သည်။ ၎င်းအပြင် ဂျပန် ဝန်ကြီးချုပ် က ဂျပန်နိုင်ငံအနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်များ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ စသည့် အဓိက လုပ်ငန်း နယ်ပယိ ၃ ခုအတွက် ဖွံ့ဖြိုးရေး အကူအညီ ယန်းသန်းပေါင်း ၉၁ဝဝဝ အကူအညီ ပေးအပ်မည် ဖြစ်ကြောင်းလည်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ဂျပန်ဝန်ကြီးချုပ်သည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ၂၀၁၃ ခုနှစ် မေ ၂၄ မှ ၂၆ ရက်နေ့ အထိခရီးစဉ် လာရောက်ခြင်း ဖြစ်ပြီး နှစ်ပေါင်း ၃၆ နှစ်အတွင်း ဂျပန်အကြီးအကဲတဦး အနေဖြင့် ပထမဆုံး လာရောက်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။