ရန်ကုန်-မန္တလေး အမြန်လမ်း၊ အုတ်တွင်းမြို့နယ်လမ်းပိုင်းတွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံယာဉ်သည် မေလ ၂၅ ရက်နေ့က တိမ်းမှောက်ခဲ့ရာ အခင်းဖြစ်ပွားရာ၌ ၁၀ ဦးသေဆုံးပြီး ဖြူးမြို့ ဆေးရုံသို့ ပို့ဆောင်သူများအနက် ၁ ဦး ထပ်မံသေဆုံးကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း ဦးပွတံတားသို့ ရောက်ရှိစဉ် ယာဉ်မောင်း အိပ်ငိုက်ပြီး ကားလမ်းဝဲဘက်မှ ကွန်ကရစ်တုံးများကို တိုက်ကာ ယာဉ်မှာ နှစ်ပိုင်းကျိုးသွားခဲ့သည်။ အခင်းဖြစ်ပွားရာတွင် ခရီးသည်များအနက် သံဃာ ၁ ပါး၊ ကျား ၄ ဦး၊ မ ၅ ဦး သေဆုံးပြီး မေရိကန်နိုင်ငံသား ၁ ဦးအပါအဝင် ကျန်ခရီးသည် စုစုပေါင်း ၁၆ ဦးကို ဖြူး မြို့နယ်ဆေးရုံသို့ ပို့ခဲ့ကြောင်း၊ ဆေးရုံတွင် ၁ ဦး ထပ်မံသေဆုံးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ အမေရိကန်နိုင်ငံသားကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင် ကုသပေးနေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။