သတင်းတို

သောက်ရေသန့် ရရှိရေး အကူအညီ ကလင်တန် ပေးမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဖခင်ဖြစ်သူ၏ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော ချယ်ဆီးကလင်တန်သည် မိခင်ဖြစ်သူက သံတမန် ရေးရာ အောင်မြင်မှုများ ရယူနိုင်ခဲ့သည့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ တနင်္လာနေ့က ပြုလုပ်ခဲ့သော အရှေ့တောင်အာရှ နိုင်ငံများတွင် ကလေးသူ ငယ်များ သောက်သုံးရေသန့် ရရှိရေးအတွက် လုပ်ဆောင်ပေးနေသည့် Procter & Gamble’s Children’s Safe Drinking Water အစီအစဉ်၏ မိတ်ဆက်ပွဲသို့ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၏ Clinton Global Initiative ကို ကိုယ်စားပြု၍ ချယ်ဆီးကလင်တန် တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများ တွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများေကြာင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရန် ခက်ခဲနေခြင်းကို ကူညီရန်ဖြစ်သည်။ ချယ်ဆီးကလင်တန်သည်  ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သွားရောက်တွေ့ဆုံခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading