သတင်းတို

သိန်းနီမြို့တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် မြောက်ပိုင်း သိန်းနီမြို့နယ် မိုးလီကျေးရွာအုပ်စု နားဆော့ကျေးရွာ၌ လက်နက်မျိုးစုံ ၃၂ မျိုးနှင့် ခဲယမ်းများ ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ နံနက် ၂ နာရီကျော်တွင် လားရှိုးမြို့ အေးရှားဝေါလ် တိုးဂိတ်တွင် ရပ်တန့်ပေးခြင်း မရှိဘဲ မောင်းပြေးသွားသည့် မော်တော်ယာဉ် တစီးအား ပိတ်ဆို့ ရှာဖွေရာ နားဆော့ရွာ ဘုန်းကြီးကျောင်းရှေ့၌ အဆိုပါယာဉ်ကို တွေ့ရရှိရပြီး ယာဉ်ပေါ်တွင် တဦးတယောက်မျှ မရှိတော့ဘဲ လက်နက်နှင့် ခဲယမ်းများကိုသာ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

Loading