မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်၌ လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက် ခိုင်ခံ့ပေါ့ပါးပြီး ချွေးထွက်မှု ထိန်းချုပ်သည့် စနစ်ပါရှိသော ဝတ်စုံများကို ဂျပန်နိုင်ငံက ချုပ်လုပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ ဝတ်စုံများကို ဂျပန်နိုင်ငံတွင် ထုပ်လုပ်ကာ ၂၀၁၃ ခုနှစ် ဇွန်လကုန်ခန့်တွင် လွှဲပြောင်း လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ ဂျပန် ဒီဇိုင်းပညာရှင် မစ္စ ကိုရှိနိုဂျွန်ကိုက ဒီဇိုင်းရေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။ မစ္စ ကိုရှိနိုဂျွန်ကိုသည် The Soen Award ဆုရရှိခဲ့သူဖြစ်ပြီး ၁၉၈၇ တွင် ဖက်ရှင်လောကသို့ စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ကာ ၂၀၀၈ ခုနှစ်တွင် ဂျပန်နိုင်ငံ ခရီးသွားလုပ်ငန်း သံတမန်အဖြစ် ခန့်အပ်ခံရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။