သတင်းတို
တရုတ် ဂက်စ်ပိုက်လိုင်း နှစ်ဦးနှစ်ဖက် အကျိုးရှိဟု သမ္မတ ဦးသိန်းစိန် ပြော
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပေးပို့မည့် ပိုက်လိုင်း စီမံကိန်းသည် တရုတ်နှင့် မြန်မာအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) မှ အထွေထွေ မန်နေဂျာ Liao Yongyuan နှင့် ယမန်နေ့က တွေ့ဆုံစဉ် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်ဟု ဆင်ဟွာ သတင်းဌာနက ရေးသားထားသည်။ မြန်မာနိုင်ငံသည် အဖက်ဖက်မှ ပွင့်လင်းလာပြီဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးကိုလည်း ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်း ပူးပေါင်း ဆောင်ရွက်မှုလည်း တိုးမြှင့်မည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်ဟု သိရသည်။