သတင်းတို

အာဇာနည် ဗိမာန် ပြန်ဖွင့်မည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်ကို ပြည်ထောင်စု အစိုးရနှင့် ရန်ကုန်တိုင်း အစိုးရ၏ ခွင့်ပြုချက်ဖြင့် အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် လာမည့် ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။ တနင်္လာနေ့တိုင်းနှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဝင်ကြေးမှာ လူကြီး ၂၀၀ ကျပ်၊ ကလေး ၁၀၀ ကျပ်နှင့် ကျောင်းသားများ အခမဲ့၊ နိုင်ငံခြားသားများအတွက် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာဖြစ်ကြောင်း၊ အာဇာနည်နေ့တိုင်းတွင် မည်သူမဆို အခမဲ့ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန် စည်ပင်သာယာရေး ကော်မတီက ကြေညာထားသည်။ အာဇာနည်ဗိမာန်ကို ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယခုနှစ် ဖေဖော်ဝါရီလတွင် လွှဲပြောင်းယူခဲ့သည်။

Loading