မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး ယင်းလေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအား ကောင်းလာနိုင်ပြီးနောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်တခု အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း ကြေးမုံ သတင်းစာ၌ ယနေ့ ဖော်ပြ ထား သည်။ သို့ရာတွင် မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွန်ကမူ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းရှိ လေဖိအားနည်း ရပ်ဝန်း 94B ၏ အခြေအနေသည် ယနေ့ နံနက် ၄ နာရီ ၃၀ အချိန် တိုင်းထွာချက်အရ အားပျော့စပြုနေပြီဖြစ်ပြီး မကြာမီ ပျက်ပြယ် သွားလိမ့်မည်ဟု Facebook စာမျက်နှာတွင် ခန့်မှန်းတင်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။