စစ်လက်နက် ဆိုင်ရာ စာအုပ်များနှင့် ပစ္စည်းများ ဖမ်းဆီးရမိ
This article has been converted from Zawgyi One to Unicode
ရှမ်းပြည်နယ် တာချီလိတ်မြို့ မြောက်ဘက်ရှိ မယ်ယန်းပူးပေါင်း စစ်ဆေးရေး စခန်းတွင် မေ ၂၇ ရက်က လက်နက်နှင့် ပတ်သက် သည့် စာအုပ်များ၊ ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဒု ရဲမှူး သန်းစိုး ဦးစီးသည့် အဖွဲ့သည် တာချီလိတ်မှ ကွန်ဟိန်းသို့ ထွက်ခွာလာသည့် ရှမ်းအောင်လံ ယာဉ်လိုင်းမှ ယာဉ်မောင်း ကျော်ဇံ ၂၂ နှစ် မောင်းနှင်လာသည့် ဗင်ကားပေါ်မှ အရှည် ၃ ပေ၊ ၁၀ လက်မ၊ အချင်း ၁ ဒသမ ၄ စင်တီမီတာ၊ အ၀ သုည ဒသမ ၈ စင်တီမီတာ အကျယ်ရှိ ပြောင်းချော သံပိုက်လုံး ၆၀၊ လက်နက် ကက်တလောက်များ၊ တင့်ကားများနှင့် ပတ်သက်သော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာအုပ်များ၊ သိပ္ပံဆိုင်ရာ သင်ထောက်ကူပြု စာအုပ်များ၊ ဝတ္ထုများ အပါအဝင် စာအုပ်မျိုးစုံ ၉၁ အုပ်၊ ပညာရပ်ဆိုင်ရာ ဘာသာရေး၊ ဥပဒေ၊ ပုံပြင် အတ္ထုပ္ပတ္တိ နည်းပညာ ဆိုင်ရာ အဘိဓာန် ၆၁၈ အုပ်၊ စုစုပေါင်း ၇၀၉ အုပ် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဆက်စပ် တရားခံများကို ဆက်လက် စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။