• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်အခဲရှိဆဲ

by ငြိမ်းချမ်း
30 May 2013
in သတင်း
A A
ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်အခဲရှိဆဲ

နတလ စံပြကျေးရွာ တခုမှ စာသင်ကျောင်း (ဓာတ်ပုံ – ငြိမ်းချမ်း / ဧရာဝတီ)

2.4k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့လာသည့် ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည် မိသားစုများသည် ပြန်လည် အခြေချရာ၌ အခက်အခဲများ ရင်ဆိုင်နေကြရကြောင်း သတင်းရရှိသည်။

လတ်တလောတွင် နေအိမ်များ ရရှိသော်လည်း လုပ်ကိုင်စားသောက်ရန် လယ်မြေများ မရရှိသေးသောကြောင့် ကျဘမ်းအလုပ်များ လုပ်ကိုင်နေရကြောင်း၊ ရခိုင်ပြည်နယ် အစိုးရ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် လူမှုရေးအဖွဲ့များ၏ ကူညီပံ့ပိုးမှုများကို အားကိုးနေရကြောင်း ဘင်္ဂလားဒေ့ရှ်မှ မောင်တောမြို့နယ် လောင်းဒုံကျေးရွာသို့ ပြောင်းရွှေ့လာသည့် ဒုက္ခသည် တဦးဖြစ်သူ ဦးသိန်းဇော်က ပြောသည်။

RelatedPosts

စစ်ခေါင်းဆောင် လုံခြုံရေးစိုးရိမ်နေသလား (ရုပ်/သံ)

စစ်ခေါင်းဆောင် လုံခြုံရေးစိုးရိမ်နေသလား (ရုပ်/သံ)

25 June 2025
19
မင်းလှမှာ စစ်တပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မင်းလှမှာ စစ်တပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

25 June 2025
17
တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ရဖို့ စစ်ကောင်စီ ကြိုးစား

တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ရဖို့ စစ်ကောင်စီ ကြိုးစား

25 June 2025
186

“ကျနော်တို့မှာ လောလောဆယ် လုပ်စားမယ့်လယ်တွေ မရသေးတော့ ရရာအလုပ်ကိုပဲ လုပ်ကိုင်စားသောက်နေရတယ်။ နေအိမ်ကတော့ အရင်အဟောင်းအိမ်ကို ပေးထားတယ်။ စားဝတ်နေရေးအတွက် အစိုးရက ပထမ ကျပ် ၅ သောင်း ကူညီတယ်။ နောက်ပြီး UNHCR ကလည်း နည်းနည်း ကူညီတာရှိပေမယ့် အခုတော့ မရတော့ဘူး။ တခါတလေ လူမှုအဖွဲ့တချို့က လာကူညီတာတွေရှိတယ်” ဟု ဦးသိန်းဇော်က ဆိုသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းမှ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင် သက်၊ ဒိုင်းနက်၊ မာရမာ စသည့် လူမျိုးများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အားပြိုင်မှုများကြောင့် ဒေသတွင်း လုံခြုံရေးကို စိတ်မချခြင်း၊ အလုပ်အကိုင် ရှားပါးပြီး စားဝတ်နေရေး အခက်အခဲ ရှိခြင်းတို့ကြောင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့လာကြရာ ရခိုင်ပြည်နယ် အစိုးရက ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်ခံထားခြင်း ဖြစ်သည်။

ယခုအခါ ပြောင်းရွှေ့အခြေချသူ မိသားစု ၃၀၀ ကျော်ရှိပြီး မောင်တော မြို့ပေါ်ရှိ ဗဟိုကျောင်း၊ မောင်တော နယ်ဘက်ရှိ ခရေမြိုင်၊ အောင်သာယာ၊ လောင်းဒုံ၊ တောင်ပြို စသည့် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများရွာ (နတလ) များနှင့် ကျောက်တော် မြို့များဘက်တွင် ရောက်ရှိနေကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခိုလှှုံလာသော ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်မျိုးနွယ်စုများ၏ လုံခြုံရေး၊ စားဝတ်နေရေး စသည့်တို့ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆောင်ရွက်ပေးနေကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီကို ပြောသည်။

စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသူများသည် ပလက်၀ ဒေသမှ ကျောက်တော် ဒေသသို့ ဝင်ရောက်လာသူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို လူဦးရေစာရင်း ကောက်ခံနေဆဲ ဖြစ်၍ အထောက်အပံ့ရိက္ခာ မပို့ဆောင်နိုင်သေးကြောင်း ဦးဝင်းမြိုင်က ဆိုသည်။

မောင်တောဒေသသို့ ဝင်ရောက် ခိုလှှုံနေသူများအတွက် စားဝတ်နေရေး ကိစ္စများကိုမူ ပြည်နယ်အစိုးရက ကူညီဆောင်ရွက် ပေးထားပြီး ဖြစ်ကြောင်း၊ ကျောက်တော်ဒေသသို့ ရောက်လာ သူများ အတွက်လည်း နေအိမ်များ ဆောက်လုပ်ပေးရန် မြေနေရာ ရှာဖွေနေဆဲဟု ဦးဝင်းမြိုင်က ဆက်လက် ပြောသည်။

မေလ ၂၆ ရက်နေ့တွင် စစ်တွေမြို့ အခြေစိုက် ဝံလက်ဖောင်ဒေးရှင်းက ဗဟိုကျောင်း၊ ခရေမြိုင်၊ အောင်သာယာ၊ လောင်းဒုံ ကျေးရွာများရှိ မိသားစု ၂၀၀ ကျော်၊ ဒုက္ခသည် ၁၀၄၆ ဦးအား ငွေကျပ် သိန်း ၁၀၀ ကျော်နှင့် အဝတ်အစား စသည်တို့ကို သွားရောက်လှူဒါန်းကြောင်း သိရသည်။

“သူတို့ကို လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ သွားရောက် လှူဒါန်းတာ ဖြစ်ပါတယ်။ ဒီလှူဒါန်းတဲ့ ငွေတွေဟာ ကျနော်တို့ အဖွဲ့ဝင်တွေ စစ်တွေမှာ လိုက်ပြီး အလှူခံထားတာရယ်၊ အနယ်နယ်အရပ်ရပ်က လှူဒါန်းတဲ့ အလှူရှင်တွေဆီက ငွေနဲ့ သွားရောက် လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ဝံလက်ဖောင်ဒေးရှင်း၏ ဒါရိုက်တာဖြစ်သူ ကိုခိုင်ကောင်းစံက ပြောသည်။

ဘင်္ဂလားဒေ့ရှ်မှ ပြောင်းရွှေ့လာသူ တချို့သည် ကြိုတင် အကြောင်းကြားခြင်း မရှိသောကြောင့် ပြင်ဆင်ချိန်မရဘဲ ဘုန်းကြီးကျောင်းတွင် လောလောဆယ် တာဝန်ယူ ကျွေးမွေးထားရကြောင်း အနောက်တံခါး လူမှုကူညီရေးအဖွဲ့မှ ဆရာတော် ဦးစရဏက မိန့်သည်။

“အစိုးရကလည်း သူတို့ကို ထုတ်ပေးမယ့် လယ်တွေကို အပြစ်အနာအဆာ ကင်းရှင်းအောင် စိစစ်ပြီးမှ ပေးမှာဖြစ်လို့ လယ်ပေးဖို့အတွက်တော့ နည်းနည်း နောက်ကျဦးမယ် ထင်တယ်။ ဒါပေမယ့် တတ်နိုင်သလောက် အကူညီတွေကိုတော့ ပေးနေပါတယ်” ဟု ဆရာတော်က မိန့်သည်။

Your Thoughts …
Tags: BangladeshRakhine StateRefugee
ငြိမ်းချမ်း

ငြိမ်းချမ်း

Contributor

Similar Picks:

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.4k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

by ဧရာဝတီ
16 July 2013
6.3k

မွတ်ဆလင် စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီ ရရှိနိုင်ရန် ကြိုးစားနေသည် ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ရိုဟင်ဂျာများက တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။

စစ်တကောင်းက တိုင်းရင်းသားများရဲ့ သင်္ကြန်

စစ်တကောင်းက တိုင်းရင်းသားများရဲ့ သင်္ကြန်

by ငြိမ်းချမ်း
22 April 2013
5.5k

ဘုရားကို ရေသပ္ပာယ်ပြီးတဲ့ အခါ ကလေးတွေ အပျိုလူပျိုတွေကတော့ တယောက်နဲ့ တယောက် ရေပက်ကစားကြတာပေါ့။ ဆိုတော့ ဟိုရွာတရက် ဒီရွာတရက် လိုက်ပြီး ဘုရားရေသပ္ပာယ်လိုက်တာ တန်ခူးလ တလကုန်တဲ့အထိ သင်္ကြန်ကျသလို ဖြစ်သွားတာပေါ့

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

by လင်းသန့်
27 December 2012
13.9k

သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါလိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေးခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

by ခင်ဦးသာ
27 March 2013
5.6k

လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့ အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ

Next Post
သမ္မတထံ စာတင်သည့် လယ်သမားများ စစ်ဆေးခံရ

မကွေးတိုင်းအတွင်း လယ်သိမ်းခံရသူများကို လျော်ကြေးပေးရန် ကော်မရှင်တိုက်တွန်း

အလုပ်သမား လူမှုဖူလုံရေး ဥပဒေသစ် လက်တွေ့ကျင့်သုံးရန် ပြင်ဆင်နေ

အလုပ်သမား လူမှုဖူလုံရေး ဥပဒေသစ် လက်တွေ့ကျင့်သုံးရန် ပြင်ဆင်နေ

Please login to join discussion
No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.3k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တော်လှန်ရေးအင်အားစုများ အိန္ဒိယကို သတိထား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate