ဒု သမ္မတ ဦးဉာဏ်ထွန်းနှင့် ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုယူနစ် ကဏ္ဍခွဲ မန်နေဂျာ မစ္စ ဂျူလီယာဖရေဆာတို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များတွင် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။