သတင်းတို

ထိုင်းဘုရင်က ချီးမြှင့်သည့် တော်ဝင်ဘွဲ့တံဆိပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံ

This article has been converted from Zawgyi One to Unicode

မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်သည့် တော်ဝင်ဘွဲ့တံဆိပ်ကို ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ မေ ၂၈ ရက်နေ့တွင် လက်ခံရယူခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ကို ထူးချွန်စွာ ဆောင်ရွက်နိုင်သည့်အပြင် မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ် အကြား ချစ်ကြည့်ရေးကို တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သဖြင့် ထိုင်းဘုရင်မင်းမြတ်က “Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand” တော်ဝင် ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Loading