တရုတ်နိုင်ငံ ရွှေလီမြို့မှ မြန်မာနိုင်ငံ ကျောက်ဖြူမြို့သို့ ဆက်သွယ်မည့် တရုတ်-မြန်မာ စင်္ကြံလမ်းမကြီး ဖောက်လုပ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်း တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံမှ ငွေကြေးကူညီမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်း မူဆယ်မြို့မှ ကျောက်ဖြူမြို့အထိ ရှည်သောလမ်း ဖြစ်ကြောင်း၊ တခြား အာဆီယံ လမ်းများ၊ အာရှလမ်းများနှင့်လည်း ဆက်ဆက်စပ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ သို့ရာတွင် လမ်းဖောက်လုပ်ရေး အတွက် လုပ်ငန်းစတင်မည့် ရက်နှင့် ဆောက်လုပ်မည့် အစီအစဉ် အသေးစိတ်ကို ဖော်ပြထားခြင်း မရှိပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။