သတင်းတို

လုံခြုံရေး အကြောင်းပြချက်ဖြင့် ကြံ့ခိုင်ရေး ပါတီကိုဆန္ဒပြမည့် အစီအစဉ် အာဏာပိုင်များ ပိတ်ပင်

This article has been converted from Zawgyi One to Unicode

တောင်ဥက္ကလာပမြို့နယ်ရှိ အများပိုင်ပန်းခြံတခုကို ကြံ့ခိုင်ရေးပါတီက သိမ်းယူပြီး ကွန်ဒိုအိမ်ရာဆောက်လုပ်မှုအပေါ် ကန့်ကွက်ဆန္ဒပြမည့် အစီအစဉ်ကို အာဏာပိုင်များက လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။ ဇွန်လ ၂ ရက်နေ့တွင် ဆန္ဒပြပွဲပြုလုပ်ခွင့်ပေးရန် အာဏာပိုင်များကို တင်ပြခဲ့ရာ ယခုအချိန်သည် အထူးလုံခြုံရေး ကာလဖြစ်မှုကြောင့်ဟုဆိုကာ တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့က ဆန္ဒပြပွဲ ပြုလုပ်ခွင့်မပြုဟု အကြောင်းပြန်ကြားလာခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေးဦးဆောင်နေသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

Loading