မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုမည့် မော်တော်ကား လမ်းများ ဖောက်လုပ်နေကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ အရှည် ၇၃ ကီလိုမီတာရှိ ပလက်ဝ – ကလက်ဝ (စက်ပြစ်ပြင်) လမ်းပိုင်းကို အိန္ဒိယမှ M/S IR CON International Ltd. မှ အင်ဂျင်နီယာအဖွဲ့နှင့် မြန်မာအဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း၊ အရှည်ကီလိုမီတာ ၆ဝ ရှိ ကလက်ဝ (စက်ပြစ်ပြင်) – မြိတ်ဝ လမ်းပိုင်းကို ဖောက်လုပ်ရန် စီမံကိန်း တန်ဖိုး ညှိနှိုင်းနေကြောင်း သိရသည်။ ဘင်းစတက် လမ်းမကြီးဖြစ်သော မြန်မာ-အိန္ဒိယနယ်စပ် မိုးရေးမြို့မှ တမူး-မန္တလေး-မိတ္ထီလာနှင့် မြန်မာထိုင်း နယ်စပ် တာချီလိတ်အထိ လမ်းကိုလည်း ဖောက်လုပ်ထားပြီးဖြစ်ကြောင်း၊ ရိဒ်-တီးတိန် လမ်းကိုလည်း ဖောက်လုပ်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။