သတင်းတို
အလဲဗင်း မီဒီယာ CEO သတင်းလွတ်လပ်ခွင့် ဆုရ
This article has been converted from Zawgyi One to Unicode
အလဲဗင်း မီဒီယာ ဂရု (ပ်) ၏ အမှုဆောင် အရာရှိချုပ် (CEO) ဒေါက်တာ သန်းထွဋ်အောင်သည် World Association of Newspapers နှင့် News Publishers WAN-IFRA တို့က ချီးမြှင့်သည့် ၂၀၁၃ ခုနှစ်အတွက် Golden Pen of Freedom ဆုကို ရရှိကြောင်း သိရသည်။ Golden Pen of Freedom ဆုကို ၁၉၆၃ ခုနှစ်တွင် ဂါးဒီးယန်း ဦးစိန်ဝင်း၊ ၂၀၁၁ တွင် ဟံသာဝတီ ဦးဝင်းတင်နှင့် သာယာဝတီ စမ်းစမ်းနွဲ့ တို့လည်း ရရှိခဲ့ဖူးသည်။ ၂၀၁၃ ခုနှစ်အတွက် ဆုချီးမြှင့်ပွဲကို ဘန်ကောက်တွင် ဇွန်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပနေသည့် ၆၅ ကြိမ်မြောက် ကမ္ဘာ့ သတင်းစာ ကွန်ဂရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။