သတင်းတို

အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ ဟာဝိုင်အီတွင် တွေ့ဆုံကြရန် အမေရိကန် ဖိတ်ကြား

This article has been converted from Zawgyi One to Unicode

အမေရိကန်၊ ဟာဝိုင်အီကျွန်းတွင် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ပထမဆုံးအကြိမ် ဖိတ်ခေါ်လိုက်ကြောင်း VOA သတင်းဌာနက ဖော်ပြသည်။ စင်ကာပူတွင် ကျင်းပနေသော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် ၂၀၁၃ ဆွေးနွေးပွဲတွင် ယင်းသို့ ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အပြောင်းအလဲအပေါ် စစ်တပ်က ထောက်ခံရန် လိုအပ်ကြောင်း၊ အရပ်သား အစိုးရက အားထားရသော အရည်အချင်းရှိသည့် စစ်တပ်ဖြစ်ရန် ရည်ရွယ်၍ စစ်တပ်ချင်း အပြန်အလှန် ဆက်ဆံရေးကို ရွေးချယ် တွက်ချက် ဆက်ဆံလျက်ရှိကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောဆိုသွားသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

Loading