ဘယ်လဂျီယန် နိုင်ငံသား သံအမတ်ကြီး Mr. Roland Kobia ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ၏ ပထမဆုံး သံအမတ်ကြီးအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း European Voice ၏ သတင်းဖော်ပြချက်အရ သိရသည်။ လက်ရှိတွင် Mr. Roland Kobia သည် အဇာဘိုင်ဂျန်နိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂ၏ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ဥရောပ သမဂ္ဂသည် ၂၀၁၂ ဧပြီလတွင် ယင်းတို့၏ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပြီးနောက် ပိတ်ဆို့အရေးယူမှုများကိုလည်း ဖယ်ရှားပေးခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။