သတင်းတို
မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှုတွင် ဓာတုဗေဒ ပစ္စည်းများ သုံးထားကြောင်း အင်ဒိုနီးရှားရဲ ပြော
This article has been converted from Zawgyi One to Unicode
အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးခွဲရန် ကြံစည်ရာတွင် အကြမ်းဖက်အဖွဲ့သည် ဗုံးတွင် ဓာတုဗေဒ ပေါက်ကွဲပစ္စည်းများ သုံးထားကြောင်း အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့က ပြောဆိုသည်။ အစ္စလမ် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်းကို အင်ဒိုနီးရှားရဲက ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ရာတွင် သိမ်းဆည်းရမိသည့် ဗုံး၌ ပေါက်ကွဲမှု ပြင်းထန်စေသည့် ဓာတုဗေဒ ပစ္စည်းများ သုံးစွဲထားကြောင်း တွေ့ရပြီး အင်ဒိုနီးရှားတွင် ပထမဆုံး ယင်းသို့ တွေ့ရှိရခြင်း ဖြစ်သည်ဟု ဂျကာတာ ဂလုပ်ဘ် သတင်းစာတွင် ရေးသားထားသည်။ မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်သည်ဟု မသင်္ကာသူများကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က မေလ ၈ ရက်နေ့တွင် ဂျကာတာမြို့ရှိ နေရာ ၃ ခုတွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ အစ္စလမ် စစ်သွေးကြွ ၇ ဦး ပစ်သတ်ခဲ့ပြီး ၆ ဦး လက်ရ ဖမ်းဆီးမိခဲ့သည်။