ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richerds သည် ဇွန်လ ၃ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ၎င်းသည် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစု၊ သူရ ဦးရွှေမန်း အပါအဝင် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကြောင်း၊ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ တပ်မတော်ပိုင်းဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းအတွေ့အကြုံများ မျှဝေရေး၊ လူသား စွမ်းရည်မြှင့်တင်ရေး ဆိုင်ရာများ စသည်တို့ကို ဆွေးနွေးကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။