သတင်းတို

ရွှေသဘာ၀ ဓာတ်ငွေ့ ပို့လွှတ်ရေး စတင်နိုင်တော့မည်

This article has been converted from Zawgyi One to Unicode

ရခိုင် ကမ်းလွန် ပင်လယ်ပြင် ရွှေ သဘာ၀ ဓာတ်ငွေ့ စီမံကိန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဆက်သွယ်သည့် သဘာ၀ ဓာတ် ငွေ့ ပိုက်လိုင်းလုပ်ငန်းများ အပြီးသတ်ပြီဖြစ်၍ လာမည့် ဇူလိုင် လဆန်းတွင် စတင်လည်ပတ်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း သတင်းရသည်။ အလားတူ ရေနံပိုက်လိုင်းသည်လည်း ၉၇ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်၍ လာမည့် စက်တင်ဘာ ၊ အောက်တိုဘာ လများတွင် စတင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE) မှ အရာ ရှိ တဦး၏ ပြောကြားချက်ကို ကိုးကား၍ DPA သတင်း တပုဒ်တွင် ဖော်ပြထားသည်။ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၀၉ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။ ရွှေ သဘာ၀ ဓာတ်ငွေ့ စီမံကိန်းသည် ၂၀၀၁ ခုနှစ်တွင် စတင်၍ ၂၀၀၄ ခုနှစ်တွင် သဘာ၀ ဓာတ်ငွေ့ စတင်တွေ့ရှိပြီး ၂၀၁၃ ခုနှစ်တွင် စတင် ထုတ်လုပ် နိုင်မည် ဖြစ်သည်ဟု စွမ်းအင် ဝန်ကြီး ဦးသန်းဌေးက ၂၀၁၂ ခု စက်တင်ဘာ ၂၁ ရက်က ကျင်းပသော လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆွေးနွေးပွဲ၌ ပြောကြား ထားသည်။

Loading