သတင်းတို
Digicel ကုမ္ပဏီ အုပ်စုလည်း မြန်မာဖုန်းဈေးကွက် ဝင်မည်
This article has been converted from Zawgyi One to Unicode
ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ အုပ်စုကြီး တခု ဖြစ်သည့် Digicel ကုမ္ပဏီ အုပ်စုက မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်း ဈေးကွက်သို့ ဝင်ရောက် လုပ်ကိုင်နိုင်ရန် အစိုးရကို ယမန်နေ့က လိုင်စင် လျှောက်ထားလိုက်ကြောင်း သိရသည်။ Digicel အနေဖြင့် ဆီးဂိမ်း စတင်မည့် ဒီဇင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံတွင်း 4G မိုဘိုင်းလ်ဖုန်းဈေးကွက် စတင်နိုင်ရန် ရည်မှန်းထားကြောင်း၊ Digicel ကုမ္ပဏီ အုပ်စုသည် ဥရောပ၊ အမေရိက နှင့် အာရှ တလွှားရှိ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဖွဲ့စည်းထားသည့် ကုမ္ပဏီ အုပ်စု ဖြစ်ပြီး မြန်မာနိုင်ငံ မှ FMI နှင့် YOMA ဘဏ် အုပ်စုနှင့် ဖက်စပ် လုပ်ကိုင်နေသည့် YSH Finance Limited ကုမ္ပဏီ၊ သူဌေးကြီး ဂျော့ဆိုးရော့ တို့ကဲ့သို့သော စီးပွားရေးသမား ပါဝင်ကြောင်း Digicel ကုမ္ပဏီ ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။