သတင်းတို

ရန်ကုန်တွင် ကိုကာကိုလာ ပုလင်းသွပ် စက်ရုံ တည်

This article has been converted from Zawgyi One to Unicode

ကိုကာကိုလာ အချိုရည် ကုမ္ပဏီ က မြန်မာပြည်တွင်း ဈေးကွက် အတွက် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၌ ပုလင်းသွပ် စက်ရုံ တည်ဆောက်ပြီးကြောင်း သိရသည်။ ယင်းစက်ရုံကို မြန်မာပြည်ဈေးကွက်ကို ပြန်လည်၍ စတင် ဝင်ရောက်လာသည့် ယမန်နှစ် ကတည်းက တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊ မြန်မာပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းအတွက် လာမည့် ၅ နှစ်အတွက် ဒေါ်လာ သန်း ၂၀၀ ရင်းနှီး မြှုပ်နှံမည် ဖြစ်ကြောင်း ကိုကာကိုလာက ထုတ်ပြန်ထားသည်။ ကိုကာကိုလာသည် နှစ်ပေါင်း ၆၀ ကျော်ကြာမှ မြန်မာပြည်ဈေးကွက် သို့ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။

Loading