သတင်းတို

နိုင်/ကျဉ်း အကုန် လွှတ်မည်ဟု ဦးသိန်းစိန် ပြော

This article has been converted from Zawgyi One to Unicode

အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အားလုံး မကြာမီ ပြန်လည် လွတ်မြောက်လာမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ယနေ့ညနေ ရေဒီယိုမိန့်ခွန်းတွင် ပြော ကြားခဲ့သည်။ မိမိအနေဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသော နိုင်ငံရေးအကျဉ်းသား တစ်ဦးမျှ အကျဉ်းထောင်ထဲတွင် ရှိနေစေ လိုခြင်းမရှိကြောင်း၊ ယခင်အစိုးရ အဆက်ဆက်မှ ရှုတ်ထွေးခဲ့သော ရာဇဝတ်မှုနှင့် နိုင်ငံရေးပြစ်မှု မကွဲပြားသော ကိစ္စရပ် များကို ပြန်လည်စိစစ်နေရသည့်အတွက် အချိန်ယူလုပ်ဆောင်နေတာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်ခရီးစဉ်များအကြောင်း၊ ဂျပန်ဝန်ကြီးချုပ် လာရောက်လည်ပတ်မှုများအကြောင်း၊ မိတ္ထီလာစသော ပဋိပက္ခဖြစ်ပွားခဲ့မှုများကို အရေးပေါ်အခြေအနေ ဆက်လက်ထားရှိရန် လွှတ်တော်မှ အတည်ပြုပေးမှုများအပြင် မဟာစင်မုန် တိုင်းနှင့် ပက်သက်ပြီး အစိုးရ၏ ဆောင်ရွက်ချက်များ၊ အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့ သဘောတူညီခဲ့မှုများအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

Loading