မြန်မာများ တိုက်ခိုက်ခံရမှု မလေးရှား သံအမတ်ကို သတိပေး
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှား သံအမတ်ကြီးကို မြန်မာ အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက မလေးရှားတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက် ခံရမှုနှင့် ပတ်သက်ပြီး သတိ ပေးလိုက်သည်။ မလေးရှား၌ အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရ၍ ထိခိုက် ဒဏ်ရာရရှိခြင်း၊ အသက်ဆုံးရှုံးခြင်း၊ ပစ္စည်း ဥစ္စာ ဆုံးရှုံးခြင်းတို့ ဖြစ်ပွားမှုအတွက် မလေးရှား သံအမတ်ကြီး မစ္စတာ အာမတ်ဖိုင် ဆဲလ်ဘင် မိုဟာမက် အား နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးဇင်ယော်က ပြစ်မှုကျူးလွန်သူများကို ချက်ချင်း စုံစမ်း ဖော်ထုတ်ပြီး အရေးယူပေးရန်၊ ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန် မလေးရှား အစိုးရက လိုအပ်သည်များကို အရေးယူ ဆောင်ရွက်ပေးရန် စသည်တို့ကို သတိထောက်လွှာ ပေးပို့၍ အကြောင်းကြားသည်ဟု အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ပြီးခဲ့သည့် ရက်သတ္တ တပတ်အတွင်း အတိုက်အခိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသား ၂ ဦးထက်မနည်း သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်။