သတင်းတို
မြောက်ဦးတွင် ရဲ နှင့် ဒေသခံများ ပဋိပက္ခဖြစ်
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပရိန်ရွာတွင် ယမန်နေ့က ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ပဋိပက္ခ ဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရသည်။ ယင်းရွာသားများသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နေအိမ်များ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သူများဖြစ်ပြီး ထိုအိမ်များကိုပြန်လည်ပြု နေထိုင်ကြကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ အား ရွာပြင်၌ တည်ဆောက်မည့် ယာယီတဲ စခန်းများတွင် နေထိုင်ရန် ပြောဆိုရာမှ ပဋိပက္ခ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။