သတင်းတို

ယူနီလစ်ဗာလည်း မြန်မာပြည် ဝင်ပြီ

This article has been converted from Zawgyi One to Unicode

သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ တကိုယ်ရေသန့်စင်ရေး ပစ္စည်းများ၊ စားသောက်ဖွယ်ရာများအစရှိသည့် လူသုံးကုန်ပစ္စည်းများ ထုတ်သော ကမ္ဘာကျော် ယူနီလစ်ဗာကုမ္ပဏီကြီးသည် မြန်မာနိုင်ငံတွင် ၁၀ နှစ် စီမံကိန်းအတွက် ယူရို သန်း ၅၀၀ ရင်းနှီးမြှုပ်နှံရန် ရှိကြောင်း သိရသည်။ ယခုအခါ ရန်ကုန် ရွှေပြည်သာ စက်မှုဇုန် ၂ တွင် စက်ရုံတရုံ တည်ဆောက်ထားပြီး ကုန်ပစ္စည်းများ ထုတ်လုပ်ရန် ရှိသည်။ ဇွန်လကုန်တွင် ဝန်ထမ်း ၁၅၀ ထိ တိုးမြှင့်ရန်ရှိပြီး ၂၀၁၄ ခု အစောပိုင်းတွင် ဝန်ထမ်း ၁၀၀ ကျော်တိုးချဲ့မည်ဟု ဆိုသည်။ ၂၀၁၅ ခုနှစ်တွင် လူ ၂၀၀၀ ကျော်ကို အလုပ်ပေးနိုင်ရန် ခန့်မှန်းထားကြောင်းလည်း သိရသည်။

Loading