ကမ္ဘာ့အဆင့်မီ မိုဘိုင်းဖုန်း ကွန်ရက်တည်ဆောက်ရန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု တနင်္လာနေ့တွင် တင်သွင်းလိုက်သော မြန်မာ့မိုဘိုင်းဖုန်း အော်ပရေတာ လေလံ ကြေညာချက်တွင် ဖော်ပြလိုက်သည်။ ဒေါ်လာ ၆ ဒဿမ ၆ ဘီလီယံကို တိုက်ရိုက် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ပထမနှစ်တွင် လူ ၇ ထောင်ကို အလုပ်ခန့်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကြောင့် လူပေါင်း ၁၂၄၀၀၀ ကိုလည်း တိုက်ရိုက်မဟုတ်သည့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ကြောင်းလည်း ဆိုသည်။ မြန်မာ့မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးအတွက် နိုင်ငံခြားကုမ္ပဏီ ၂ ခုကို ချထားပေးမည်ဖြစ်ရာ ကုမ္ပဏီ ၁၂ ခု လေလံပြိုင်တင်နေကြသည်။ လေလံအောင်ပါက ဆီးဂိမ်းတွင် 4G ဆက်သွယ်ရေးစနစ်ကို စတင်သုံးနိုင်စေရန် လုပ်မည်ဖြစ်ပြီး ၂၀၁၅ ခုတွင် လူ ၆၂ သန်း၏ ၉၆ ရာခိုင်နှုန်းကို ဖုန်းကွန်ရက် ဖြန့်ကျက်မည်ဟုလည်း ဒီဂျစ်ဆဲလ်က ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။