မြောက်ဦး ပဋိပက္ခ ပစ်ခတ်မှု အမျိုးသမီး ၃ ဦးသေဆုံး
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ပရိန်ကျေးရွာသားများနှင့် ထိုဒေသ၌ လုံခြုံရေး တာဝန်ယူထားသော တပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခ ဖြစ်ကြပြီး ပစ်ခတ်မှု ဖြစ်ပွားရာ အမျိုးသမီး ၃ ဦး သေဆုံးကြောင်း သိရသည်။
ပရိန်ရွာ ဘင်္ဂါလီ(မွတ်စလင်)ဒုက္ခသည်စခန်းမှ ဒုက္ခသည်တချို့သည် အာဏာပိုင်များ တည်ဆောက်ပေးမည့် နေအိမ်တန်းလျားများ၌ နေထိုင်ရန် ငြင်းဆန်သည့်အပြင် အုပ်စုဖွဲ့ တိုက်ခိုက်ရန်မူသည့်အတွက် လုံခြုံရေးတာဝန်ယူထားသည့် တပ်ဖွဲ့ဝင်များက ခြောက် လှန့် ပစ်ခတ်မှုဖြစ်ပွားရခြင်း ဖြစ်ကြောင်း မြောက်ဦး ရဲစခန်းမှ စခန်းမှူး ရဲအုပ် မောင်မောင်မြ က ဧရာဝတီ ကို ပြောသည်။
“အိမ်ဆောက်ပေးဖို့ ပစ္စည်း သယ်လာသူတွေ၊ လုံခြုံရေးတွေကို တုတ်တွေ၊ ဓားတွေနဲ့ လူအုပ်စုလိုက် တိုက်ခိုက်ရန်ပြုတော့ လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ထိခိုက်သွားတဲ့အပြင် အသက်အန္တရာယ်ကိုပါ စိုးရိမ်လာတော့ ခုခံကာကွယ်တဲ့အနေနဲ့ ခြောက်လှန့် ပစ်ခတ်မှု ဖြစ် တယ်၊ ၃ ဦး သေတယ်၊ ၃ ဦးလောက် ဒဏ်ရာ ရတယ်ကြားတယ်”ဟု ၎င်းက ဆိုသည်။
သေဆုံးသူများမှာ အမျိုးသမီးများ ဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြသည်။
ပြည်နယ်အစိုးရနှင့်သက်ဆိုင်ရာ ဒေသ အာဏာာပိုင်များသည် ပရိန်ကျေးရွာရှိ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား မိုးမကျမီ အမိုး အကာအောက် ရောက်ရှိရေး အတွက်ဟုဆိုကာ နေအိမ်တန်းလျားများ ဆောက်ပေးနေကြောင်း မြောက်ဦး စခန်းမှူး က ပြောသည်။
သို့သော် ဒုက္ခသည်များကမူ ၎င်းတို့မြေကွက်များ ဆုံးရှှုံးသွားမည်ကို စိုးရိမ်သည့်အတွက် ထိုမြေ၌သာ ဆောက်လုပ် နေထိုင်မည်ဟု ငြင်းဆန်ကြကြောင်း၊ အာဏာပိုင်များကလည်း စီစဉ်ပေးသည့် နေရာ၌သာ နေထိုင်ရန် ပြောဆိုရာမှ အငြင်းပွား ရုန်းရင်း ဆန်ခတ်ဖြစ်၍ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပရိန်ကျေးရွာနှင့် ယိုင်သေကျေးရွာတို့၌ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီတို့ အကြား ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နှစ်ဘက်စလုံး၌ ရာချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြသည်။
ရခိုင်တိုင်းရင်းသားများနေထိုင်သည့် ပုရိန်ကုန်းရွာနှင့်ယိုင်သေရွာမှ ဒုက္ခသည်များသည် မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း တချို့တွင် ခိုလှှုံနေဆဲ ဖြစ်ပြီး ပရိန်နှင့်ယိုင်သေရွာမှ ဘင်္ဂါလီ ဒုက္ခသည်များကို ၎င်းတို့ရွာ အနီး၌ ဒုက္ခသည်စခန်း တန်းလျား တည်ဆောက်ထားပေးကြောင်း ဒေသခံများက ပြောသည်။
ဘင်္ဂါလီ ပရိန်ကျေးရွာသည် ရခိုင်တိုင်းရင်းသားများ နေထိုင်သော ပုရိန်ကုန်း ကျေးရွာ၏ တဘက်ကမ်း ဖြစ်သည်။ ထိုကျေးရွာ ၂ ခု ၌ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ရခိုင်တိုင်းရင်းသား ၇ ဦးသေဆုံးခဲ့ပြီး ဘင်္ဂါ လီတချို့လည်း သေ ဆုံး ခဲ့ကြောင်း သိရသည်။
ပရိန်ဒေသ၌ ယခုအခါ လုံခြုံရေး ထူထပ်စွာ ချထားပြီး မြောက်ဦးမြို့ပေါ်၌ တည်ငြိမ်အေးချမ်းနေကြောင်း မြောက်ဦး မြို့ခံများက ပြော သည်။