သတင်းတို
သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ရခိုင်သို့ သွားရောက် လေ့လာလို
This article has been converted from Zawgyi One to Unicode
Want create site? Find Free WordPress Themes and plugins.
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ဘင်္ဂါလီများအရေးကို လေ့လာလိုကြောင်း ပြောဆိုသည်ဟု Australian Associated Press သတင်းတွင် ဖော်ပြထားသည်။ လာမည့် စက်တင်ဘာလ မတိုင်မီ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် နိုင်ငံခြားရေးဝန်ကြီးက မျှော်မှန်းထားကြောင်း သိရသည်။ ယမန်နှစ် ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဒုက္ခသည် ဖြစ်ရသူများအတွက် သြစတြေးလျက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ထပ်မံ ကူညီမည်ဟုလည်း ယခု သီတင်းပတ်အတွင်း ကြေညာထားသည်။
Did you find apk for android? You can find new Free Android Games and apps.