ခရီးသွားလာမှုနှုန်း မြင့်တက်လာမှုကြောင့် ဈေးသက်သာသည့် AirAsia လေကြောင်းလိုင်းသည် လာမည့် အောက်တိုဘာလဆန်းမှစ၍ ဘန်ကောက်မှ နေပြည်တော်သို့ နေ့စဉ် ပြေးဆွဲရန် အစီအစဉ်ရှိကြောင်း သိရသည်။ AirAsia ၏ CEO ဖြစ်ပြီး နေပြည်တော်တွင် ကျင်းပသည့် World Economic Forum အရှေ့အာရှဆိုင်ရာ ဆွေးနွေးပွဲတွင် တွဲဖက် ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်သည့် မစ္စတာ တိုနီ ဖာနန်ဒက်စ်က တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်ကို ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ လက်ရှိတွင် AirAsia သည် ဘန်ကောက် – ရန်ကုန် ခရီးစဉ် တနေ့ ၃ ကြိမ်၊ ဘန်ကောက် – မန္တလေး ခရီးစဉ် တနေ့ တကြိမ် ပြေးဆွဲလျက်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။