သတင်းတို
ရန်ကုန်ရှိ ရှေးဟောင်း အဆောက်အအုံများကို ဆွဲဆောင်မှု ပိုရှိအောင် လုပ်မည်
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံ ဗိသုကာ လက်ရာများကို ပိုမိုဆွဲဆောင်မှု ရှိစေရန် LED Lighting မီးအလှဆင်ခြင်းနှင့် သမိုင်းကြောင်းရေးထိုးထားသည့် ကမ္ဗည်းစာများ တပ်ဆင်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ လုပ်ဆောင်ရန် နယ်သာလန် အခြေစိုက် ဖိလစ် ကုမ္ပဏီနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust) တို့ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖိလစ်ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၇ သောင်း ၅ ထောင် ထည့်ဝင်မည်ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။