မလေးရှားတွင် မြန်မာ ၉၀၀ ကျော်ကို ဖမ်းဆီးထား
This article has been converted from Zawgyi One to Unicode
မလေးရှားတွင် မြန်မာများ တိုက်ခိုက် သတ်ဖြတ်ခံရပြီးနောက်ပိုင်း မလေးရှားရဲများက မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။ မေလ ၃၀ ရက်နေ့မှစ၍ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် မြန်မာ ၂ ဦးသေဆုံးပြီး ဒဏ်ရာရထားသူ ၂ ဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေရှိကြောင်း၊ မလေးရှားတွင် မြန်မာများအပေါ် တိုက်ခိုက်မှုများသည် မြန်မာနိုင်တွင် ဖြစ်ပွားနေသော လူမျိုးရေး ပဋိပက္ခများကြောင့်ယူ ယုံကြည်ရကြောင်း မလေးရှား ဒု ရဲမင်းကြီး Amar Singh Ishar Singh ကို ကိုးကား၍ AFP သတင်းတွင် ဖော်ပြထားသည်။ မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ တိုက်ခိုက်သတ်ဖြတ် ခံရခြင်းအတွက် စုံစမ်းဖော်ထုတ်ပေးရန် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို သတိထောက်လွှာ ပေးပို့အကြောင်းကြားထားသည်။