သတင်းတို
မိုက်ခရိုဆော့ဖ် မြန်မာပြည် ဝင်ပြီ
This article has been converted from Zawgyi One to Unicode
အင်အားကြီး အိုင်တီ ကုမ္ပဏီကြီးဖြစ်သော မိုက်ခရိုဆော့ဖ်သည် ပြည်တွင်းမှ Myanmar Information Technology (MIT) နှင့် ချိတ်ဆက်၍ မြန်မာ့ဈေးကွက်သို့ ဝင်လာကြောင်း သိရသည်။ မိုက်ခရိုဆော့ဖ်နှင့် MIT တို့ ပူးပေါင်း၍ Microsoft ecosystem တိုးချဲ့ခြင်း၊ Information and Communication Technology (ICT) လုပ်ငန်းများ ဖွံ့ဖြိုးရေးတို့ အတွက် ဒေသတွင်း စီးပွားရေး လုပ်ငန်းများ၊ အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်မည်ဟု TNW သတင်းတွင် ဖော်ပြထားသည်။