သမ္မတ ဦးသိန်းစိန်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းရှိန်၊ နိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသိန်းညိမ်းတို့နှင့် ဟောင်ကောင် အခြေစိုက် Standard Chartered ဘဏ်မှ ဘုတ်အဖွဲ့ဝင်နှင့် အမှုဆောင် ဒါရိုက်တာ Mr. Jaspal Bindra ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။ ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ တိုးမြှင့်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးတို့ကို ဆွေးနွေးသည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။