ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှူး ဦးစီးဌာန (ကညန) က ဆောင်ရွက်လျက် ရှိသော ကားသစ်များ မှတ်ပုံတင်ခြင်း၊ ယာဉ်မောင်း လိုင်စင်ထုတ်ပေးခြင်း အပါအဝင် ကညနက ကောက်ခံလျက် ရှိသော အခွန်အခများကို မြန်မာကျပ်ငွေဖြင့် ဇွန်လ ၁၀ ရက်နေ့မှ စတင် ကောက်ခံသွားမည် ဖြစ်ကြောင်း ကညနက ယနေ့ ညနေပိုင်းတွင် တရားဝင် သတင်းထုတ်ပြန်သည်။ ယခင်က ကားသစ် မှတ်ပုံတင်ခ အပါအဝင် ကညန အခွန်အခများကို အမေရိကန် ဒေါ်လာဖြင့် ကောက်ခံခဲ့ရာမှ ယခု မြန်မာကျပ်ငွေဖြင့် စတင် ကောက်ခံခြင်း ဖြစ်ကြောင်း သိရှိရသည်။ ကညနက ဆောင်ရွက်ပေး လျက်ရှိသော ပြည်ပ တင်သွင်းယာဉ် ကနဦး မှတ်ပုံတင်ခများ၊ နယ်စပ်ဒေသ ဝင်ပေါက် များတွင် ဝင်ရောက် ယာဉ်အပေါ် ကောက်ခံသည့် နယ်စပ် ဒေသဖြတ်သန်းခများ၊ အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့် လက်မှတ် ထုတ်ပေးခြင်း၊ သံတမန်နှင့် အဖွဲ့အစည်းများ၏ သံတမန် အခွင့်အရေး မရသော ပုဂ္ဂိုလ်များထံမှ ကောက်ခံသည့် ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်ဆိုင်ရာ မှတ်ပုံတင်ခများ၊ နိုင်ငံခြားသားနှင့် နိုင်ငံခြား ကုမ္ပဏီ အမည်ပေါက် ယာဉ်မှတ်ပုံတင်ခများ၊ နိုင်ငံခြားသား ယာဉ်မောင်းလိုင်စင်အား မြန်မာနိုင်ငံ ယာဉ်မောင်း လိုင်စင်သို့ ပြောင်းလဲ ထုတ်ပေးသည့် ကိစ္စရပ်များတွင် မြန်မာကျပ်ငွေဖြင့် ကောက်ခံသွားမည် ဖြစ်သည်ဟု သိရှိရသည်။ ကညနက မြန်မာကျပ်ငွေဖြင့် အခွန်ကောက်ခံရာတွင် ဗဟိုဘဏ်က နေ့စဉ် ထုတ်ပြန်သော ရည်ညွှန်းငွေလဲနှုန်း Exchange rate ဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း ကညန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။