သတင်းတို
Smart Visa စနစ် ကျင့်သုံးရန် အာဆီယံ ၄ နိုင်ငံ သဘောတူ
This article has been converted from Zawgyi One to Unicode
ခရီးသွားလာရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အပါအဝင် အာဆီယံ ၄ နိုင်ငံက Smart Visa စနစ်ကျင့်သုံးရန် သဘောတူညီ ကြောင်း သတင်းရသည်။ နေပြည်တော်၌ ကျင်းပနေဆဲ ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွင် သက်ဆိုင်ရာ နိုင်ငံများက ဟိုတယ်နှင့် ခရီးသွားလာရေး ဆိုင်ရာ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ထိုသို့ သဘောတူညီခဲ့ကြကြောင်း၊ ခရီးသွား လာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသော်လည်း Smart Visa စနစ်နှင့် ပတ်သက်ပြီး မည်သို့ ကျင့်သုံးသွားမည်ကို ရှင်းလင်းစွာ သိရှိရပေ။ သဘောတူညီခဲ့သည့် နိုင်ငံများမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင် နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။