ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေ တက္ကသိုလ်ကို ဖွင့်လှစ်ထားသော်လည်း လုံခြုံရေး အခြေအနေကြောင့် ကျောင်းသား၊ ကျောင်း သူ အများစုမှာ ကျောင်းတက်ခြင်းမရှိသေးကြောင်း သိရသည်။ စစ်တွေ တက္ကသိုလ် သွားရာလမ်းတလျှောက်တွင် ဘင်္ဂါလီကျေးရွာ၊ ရပ်ကွက်များကို ဖြတ်သန်း သွားလာရ၍ ပြဿနာ တစုံတခုပေါ်မည်ကို ကျောင်းသားမိဘများက စိုးရိမ်သည့်အတွက် သားသမီးများကို ကျောင်းမသွားခိုင်းကြောင်း စစ်တွေ ဒေသခံများက ပြောသည်။ ယခု အချိန်သည် ပြီးခဲ့သည့်နှစ် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများ တနှစ်ပြည့်မြောက်သည့် အချိန်လည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။