အမေရိကန် ကွန်ဂရက် ဥက္ကဋ္ဌ Mr.John A.Boehnerနှင့် အမေရိကန် ပြည်ထောင်စု အစိုးရတို့၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ပြည်ထောင်စုသို့ ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် လေကြောင်း ခရီးဖြင့် ထွက်ခွာသွားကြောင်း အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ အမျိုးသား လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နန်၊ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြောင်းသိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။