အာရှ ဖွံ့ဖြိုးရေး ဘဏ်(ADB)က အိန္ဒိယ အရှေ့မြောက် ဒေသ နှင့် မြန်မာနိုင်ငံသို့ ဆက်သွယ် ဖောက်လုပ်မည့် အဝေးပြေးလမ်းမ စီမံကိန်းအတွက် ရန်ပုံငွေ ပေးရန် အဆင်သင့် ရှိသည်ဟု ဆိုသည်။ ယင်း လမ်းဖောက်လုပ်ခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့် ရန်အတွက် ဖြစ်ကြောင်း အိန္ဒိယ စီးပွားကူးသန်း ဝန်ကြီး က ပြောဆိုထားသည်။ နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် ၂၀၁၅ တွင် ဒေါ်လာ ၃ ဘီလီယံ မျှော်မှန်းကြောင်း၊ ယမန်နှစ်က ဒေါ်လာ ၁.၈၇ ဘီလီယံ ရှိကြောင်း သိရသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ် မိုရေးမြို့နှင့် မြန်မာနိုင်ငံ မန္တလေးမြို့သို့ ဘတ်စ်ကားလိုင်း ပြေးဆွဲရန် အိန္ဒိယဘက်က မျှော်လင့်ထားကြောင်းလည်း The Economic Time သတင်းတပုဒ်တွင် ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။