သတင်းတို

မြန်မာရေတပ် ဘင်္ဂလားဒေ့ရှ်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိ

This article has been converted from Zawgyi One to Unicode

မြန်မာရေတပ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြီးခဲ့သည့် ရက်ပိုင်းက ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေကြောင်း သိရသည်။ အရာရှိနှင့် တပ်ဖွဲ့ဝင် ၁၃၀ ကျော် တင်ဆောင်လာ မြန်မာ ရေတပ်မှ မဟာ သီဟသူရ စစ်သင်္ဘောသည် ၄ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် စစ်တကောင်းမြို့ဆိပ်ကမ်းသို့ ဇွန်လ ၇ ရက်နေ့က ဆိုက်ကပ်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ရောက်ရှိလာ သော ရေတပ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ရေတပ်ဌာနချုပ် ဦးစီးမှူး ဗိုလ်ကြီး ဂိုလန် ဆီဒစ်က လက်ခံကြိုဆိုကြောင်းနှင့် မြန်မာရေတပ် တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၀ ရက်နေ့အထိ ခရီးစဉ် အတွင်း ဘင်္ဂလားဒေ့ရှ် ရေတပ် စစ်သင်္ဘော တချို့ကိုသွားရောက်လေ့လာမည် ဖြစ်ကြောင်း၊ ဇွန်လ ၁၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း The Daily Star သတင်းစာက ဆိုသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် နယ်စပ်ပြဿနာများကြောင့် ရေတပ်ချင်း ထိပ်တိုက် ရင်ဆိုင်ရမှုများလည်း ရှိခဲ့သည်။

Loading