• English
Tuesday, December 5, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home သတင်း

          ရန်ကုန် ယာဉ်ကြော ပိတ်ဆို့မှု ဘယ်လိုရှင်းကြမလဲ

          by မေစစ်ပိုင်
          10 June 2013
          in သတင်း
          Reading Time: 1 min read
          A A
          ရန်ကုန် ယာဉ်ကြော ပိတ်ဆို့မှု ဘယ်လိုရှင်းကြမလဲ

          ဒဂုံ အထက ၁ ရှေ့ အလံပြ ဘုရားလမ်းပေါ်တွင် ကျောင်းလွှတ်ခါနီး ယာဉ်ကျော ပိတ်ဆို့နေသည့် မြင်ကွင်း (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

          5k
          VIEWS
          Share on FacebookShare on Twitter

          ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာဟာ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာတဲ့အတွက် ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ နေ့စဉ် မြို့တွင်းခရီးသွားလာ နေကြရတဲ့ ခရီးသည်တွေ သိချင်နေကြပါတယ်။

          အခုနှစ် ကျောင်းဖွင့်ချိန် ရန်ကုန်မြို့ရဲ့ ကားလမ်းပိတ်ဆို့မှုက အရင်ထက် ပိုမို ဆိုးရွားလာတဲ့အပြင် ခုံးကျော်တံတား စီမံကိန်းတွေနဲ့ မြို့တွင်းမှာ ရှိတဲ့ ကျောင်းတချို့ရှေ့မှာ စည်းကမ်းမဲ့ ကားရပ်နားမှုတွေ ရှိတာကြောင့် ခရီးသွားလာရေး  အခက်အခဲတွေ အများကြီး ကြုံနေရတယ်လို့ နေ့စဉ် ရုံးတက်ရုံးဆင်း လုပ်နေကြရတဲ့ ခရီးသည်တွေက ပြောဆိုကြပါတယ်။

          RelatedPosts

          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          4 December 2023
          4.2k
          စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

          စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

          4 December 2023
          1.1k
          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          4 December 2023
          22.8k

          ၂၀၁၂ ခုနှစ်အတွင်း အစိုးရက ကားသစ်တွေ တင်သွင်းခွင့် ပြုလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု  ဆိုးရွာခဲ့ပြီး လက်ရှိ ကျောင်းဖွင့်ချိန် မိုးရာသီမှာတော့ အဆိုးဆုံးအဆင့်ကို ရောက်နေပြီလို့ ခရီးသည်တွေက ပြောကြတာ ဖြစ်ပါတယ်။

          အစိုးရက ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ကျပ်တည်းမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ကို မေလ ၁၄ ရက်နေ့မှာ ဖွဲ့စည်းကာ ယာဉ်ကြော ပိတ်ဆို့မှုတွေ မဖြစ်နိုင်အောင် အစီအစဉ်တွေ ဆောင်ရွက်မှာ ဖြစ်တယ် လို့ ကြေညာခဲ့ပြီး သိပ်မကြာခင် မေလ ၂၉ ရက်မှာ ပြန်လည် ဖျက်သိမ်းပြီလို့ ကြေညာခဲ့တာကြောင့် အစိုးရနဲ့ တာဝန် ရှိသူတွေက လူဦးရေ ထူထပ်ပြီး ကားလမ်းပိတ်ဆို့မှုတွေ အများဆုံးကြုံတွေ့နေရတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းမယ်ဆိုတာ ပြည်သူလူထုက သိချင်နေကြတာပါ။

          ရန်ကုန်မြို့တွင်းမှာ ခရီးသည်တင် ယာဉ်လိုင်းတွေ အများဆုံးပြေးဆွဲနေတဲ့ လမ်းတွေက ကမ္ဘာအေး ဘုရားလမ်း၊ ပြည်လမ်း၊ ဘုရင့်နောင်လမ်း၊ အင်းစိန်လမ်း၊ တာမွေအဝိုင်း၊ ဗားကရာလမ်း၊ ကမ်းနားလမ်းတွေ ဖြစ်ပါတယ်။ အဲဒီ လမ်းတွေပေါ်က မီးပွိုင့်တွေ ဖြစ်တဲ့ ချော်တွင်းကုန်း မီးပွိုင့်၊ ရွှွှေဂုံတိုင် မီးပွိုင့်၊ ဦးထောင်ဘို အဝိုင်း၊ လှည်းတန်းမီးပွိုင့်နဲ့ ဟံသာဝတီ အဝိုင်း၊ မြေနီကုန်း မီးပွိုင့်နဲ့ တာမွေအဝိုင်းတွေကပဲ နေ့စဉ် လမ်းပိတ်ဆို့မှု အများဆုံးဖြစ်နေတော့ ပုံမှန် အလုပ်ဆင်းနေကြတဲ့ ဝန်ထမ်းတွေအတွက် အခက်အခဲတွေ အများကြီး ရှိလာတယ်လို့ သိရတယ်။

          ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်တွေက ပိတ်ဆို့တာ တကြောင်း၊ ကျောင်းကြိုပို့ ယာဉ်တွေ စည်းကမ်းမဲ့ ရပ်နားတာ တကြောင်းကြောင့် ရုံးတက်ချိန်ဖြစ်တဲ့ နံနက် ၈ နာရီကနေ ၁၁ နာရီ ဝန်းကျင်နဲ့ ရုံးဆင်းချိန် ဖြစ်တဲ့ ညနေ ၅ နာရီ ဝန်းကျင်မှာ ဘုရင့်နောင်မီးပွိုင့် ၊ ရွှေဂုံတိုင်မီးပွိုင့်၊ ချော်တွင်းကုန်း မီးပွိုင့်နဲ့ အထက ၁ ဒဂုံ ကျောင်းနားမှာရှိတဲ့ ဦးထောင်ဘို အဝိုင်းနဲ့ အလံပြဘုရားလမ်းပေါ်မှာ ယာဉ်ကျော ပိတ်ဆို့မှုတွေ အများဆုံးဖြစ်နေတာ တွေ့ရပါတယ်။

          ရန်ကုန်မြို့တွင်းမှာရှိ တဲ့ ဒဂုံမြို့နယ်၊ လသာမြို့နယ်၊ ကမာရွတ်မြို့နယ်တွေက ကျောင်းတွေမှာ ငွေကြေး တတ်နိုင်တဲ့ မိသားစုဝင် ကလေးတွေ အများဆုံး တက်ရောက်ကြတဲ့ အခြေခံ ပညာကျောင်းတွေ တည်ရှိပြီး ကားရပ်နားကွင်း လုံလောက်စွာ မရှိတဲ့ အစိုးရစာသင်ကျောင်း တွေကြောင့် နှစ်စဉ် ကျောင်းဖွင့် ရာသီရောက်တိုင်း ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်ပေါ်နေတာပါ။

          “ဒဂုံ ၁ ကျောင်းလာပို့တဲ့၊ ကြိုတဲ့ ကားတွေက လမ်းမတွေပေါ်အထိ နေရာယူကြတယ်၊ ကျောင်းတက်ချိန် ဆင်းချိန်တွေ ဆိုရင် လမ်းပိတ် သွားတယ်၊ ခရီးသည်တင် ကားတွေက ရပ်ထားရတယ်၊ ကျောင်းကားတွေဆိုပြီး အခွင့်ထူးခံ ပုံစံမျိုးကို ဖြစ်နေကြ တာ” လို့ ခရေပင်ရိပ်မွန် – ဆူးလေ ပြေးဆွဲနေတဲ့ ၄၃ ယာဉ်လိုင်းက ယာဉ်မောင်းတဦးက သူ့အမြင်ကို ပြောပြပါတယ်။

          ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း အ.ထ.က (၁) ဒဂုံကျောင်းအနီးမှာ ယာဉ်ရပ်နား စခန်းငယ်တခု ဆောက်လုပ် ပေးသွားဖို့ စီစဉ်နေပြီး ယာဉ်ထိန်းရဲတွေကတော့ ကျောင်းသား မိဘတွေနဲ့ ကျောင်းကားတွေအတွက် ယာဉ်စည်းကမ်း ပညာပေးကာလ အဖြစ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

          “ပုံမှန်အတိုင်းဆိုရင် လမ်းပေါ်မှာ သွားနေရတဲ့ အချိန်က နာရီဝက်ထက် မပိုသင့်ဘူး၊ အစိုးရ လမ်းပိတ်ဆို့မှုတွေကို အရင် မဖြေရှင်းဘဲနဲ့ ကားသစ်တွေ အကန့်အသတ်မဲ့ တင်သွင်းခွင့် ပေးလိုက်တော့ လမ်းပြဿနာက ဘယ်လိုမှ ဖြေရှင်းဖို့ မလွယ်တော့ဘူး” လို့ ရန်ကုန် အဝေးသင်တက္ကသိုလ်က အငြိမ်းစား ပါမောက္ခတဦးက ပြောပါတယ်။

          နေ့စဉ်နဲ့အမျှ ရုံးတက်ရုံးဆင်း အလုပ်သွား အလုပ်ပြန်လုပ်နေတဲ့ ဝန်ထမ်း အများစုကတော့ ကျောင်းတွေပြန်ဖွင့်ရင် လမ်းပိတ်မှာကို ကြိုတွေးပြီး စိုးရိမ်ခဲ့ကြသလို ခရီးသည်တင် ယာဉ်တွေကလည်း မြို့ထဲက ကျောင်းတွေရဲ့ ကျောင်းတက်ချိန် ဆင်းချိန်တွေမှာ ကွင်းရှောင်ပြီး မောင်းလို့ရမယ့် လမ်းတွေနဲ့ ခုံးကျော်တံတား စီမံကိန်းတွေကို ရှောင်ပြီး မောင်းလို့ရမယ့် လမ်းကို ရွေးပြီး အဆင်ပြေသလို မောင်းနေကြတော့ တာပါ။

          ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး ဦးသာဌေးကတော့ လမ်းပိတ်ဆို့မှုဖြစ်အောင် လုပ်နေတဲ့ ကျောင်းကားတွေ အပါအဝင် ဖြူနီကြား မျဉ်းအတွင်း ရပ်ထားတဲ့ စည်းကမ်းမဲ့ ကားတွေကို အရေးယူနိုင်အောင် လတ်တလောမှာ ပညာပေး ကာလအဖြစ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

          “ပညာပေးပြီးရင်တော့ ကျောင်းကားတင် မဟုတ်ဘူး၊ အားလုံးကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေအရ အရေးယူမယ်။ ကျွန်တော်တို့ ဘက်ကတော့ စည်းကမ်းဖောက်တဲ့ ယာဉ်တွေကို အရေးယူတာနဲ့ လမ်းရှင်းတာ အတွက် တာဝန်ယူ ဖြေရှင်းတယ်” လို့ သူက ပြောပါတယ်။

          လမ်းပိတ်ဆို့မှုတွေ အများဆုံးဖြစ်နေတဲ့ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင် ဂုံးကျော်တံတား စီမံကိန်းတွေမှာလည်း လမ်းရှင်းစနစ် အတွက် ယာဉ်ထိန်းရဲတွေ အပြည့် တာဝန်ယူနေပေမယ့် လမ်းကြော တကြောင်းတည်း ဖြစ်နေတာ၊ လုပ်ငန်း ဆောင်ရွက်မှုပိုင်း တွေက ထပ်ပြီး တိုးချဲ့နေရတာတွေကြောင့် လမ်းပိတ်ဆို့မှုတွေ ပိုပြီး ဖြစ်နေရတာပါလို့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဒုရဲမှူးကြီး ဦးသာဌေးက ရှင်းပြပါတယ်။

          ယာဉ်ထိန်းတွေ အနေနဲ့ကတော့ လမ်းပိတ်ဆို့မှု ဖြစ်တဲ့နေရာမှာ လမ်းရှင်းပေးဖို့နဲ့ စည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်တွေကို အရေးယူဖို့က လွဲပြီး ကျန်တဲ့ ကိစ္စတွေကိုတော့ ဖြေရှင်းပေးလို့ မရဘူးလို့ သိရပါတယ်။

          ကျောင်းဖွင့်ချိန် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို တနည်းတဖုံ ပြေလည်စေဖို့ ကျောင်းကားပြေးဆွဲမှုတွေ လုပ်သင့်တဲ့ အကြောင်း၊ ကျောင်းကား ပြေးဆွဲချင်သူတွေ အနေနဲ့ လျှောက်ထားနိုင်တဲ့ အကြောင်း မထသက မကြာသေးခင်က ပြောဆိုခဲ့ပါ သေးတယ်။

          ဒါပေမယ့် ကျောင်းကားတွေ ဘယ်လိုပဲ ပြေးဆွဲနေပေမယ့် ငွေကြေးတတ်နိုင်သူ၊ ကိုယ်ပိုင်ကားစီးနိုင်သူတွေက ကျောင်းကား မစီးဘဲ ကိုယ်ပိုင်ကားတွေနဲ့ပဲ ကျောင်းပို့၊ ကျောင်းကြို လုပ်နေမယ် ဆိုရင် ဒီနည်းလမ်းဟာလည်း ထိရောက်မှာ မဟုတ်တဲ့ အကြောင်း၊ ကျောင်းကားတွေ ပြေးဆွဲပြီး ကျောင်းသားတိုင်း ကျောင်းကားစီးဖို့ ပညာပေးနိုင်မှသာ ဒီနည်းလမ်းနဲ့ ကျောင်းဖွင့်ချိန် ယာဉ်ကြောပိတ်ဆို့မှုကို အနည်းငယ် ဖြေလျှော့နိုင်မှာ ဖြစ်တဲ့အကြောင်း ရန်ကုန်မြို့နေ ပြည်သူတချို့က ဆိုပါတယ်။

          လှည်းတန်း ခုံးကျော်တံတား စီမံကိန်းကြီး ဆောင်ရွက်ခဲ့စဉ်ကလည်း နေ့စဉ် လမ်းပိတ်ဆို့မှုတွေကြောင့် ခရီးသွားသူတွေ ဒုက္ခ ရောက်ခဲ့ရ ပါသေးတယ်။

          တံတားကြီး ပြီးသွားလို့ ဖြတ်သန်းလို့ ရပြန်တော့လည်း ပြည်လမ်းဘက် အခြမ်းက သွားလာရေး အဆင်ပြေသွားပေမယ့် တံတားအောက်ဘက်က ဖြတ်ရတဲ့ အင်းစိန်လမ်းဘက် အခြမ်းကတော့ အရင်အတိုင်း ကား ပိတ်ဆို့မှု ရှိနေတဲ့အပြင် ဟံသာဝတီအဝိုင်းမှာ အဝိုင်းပတ် ယာဉ်တွေနဲ့ ပြည်လမ်းအတိုင်း မောင်းတဲ့ ယာဉ်တွေအားလုံး လမ်းပိတ်ဆို့ တာတွေက နေ့စဉ် ဖြစ်နေတယ်လို့ မရမ်းကုန်းမြို့နယ်ကနေလာပြီး မြေနီကုန်း ဒဂုံစင်တာမှာ အရောင်းဝန်ထမ်း အဖြစ် လုပ်ကိုင်နေတဲ့ မနှင်းပွင့်အေးက ပြောပြပါတယ်။

          “ယာဉ်ကြောတွေ ပိတ်လို့ဆိုပြီး တက္ကစီ ငှားစီးရင် ပိုက်ဆံပိုပေးရတယ်၊ လမ်းအရမ်းပိတ်တဲ့ နေရာတွေဆို ငှားရင်တောင် မလိုက်ဘူး။ သူတို့အတွက်လည်း ဆီပိုကုန်တယ်၊ ပို့ရတာနဲ့ မတန်ဘူးလို့ ပြောကြတယ်” ဟု မနှင်းပွင့်အေးက ဆိုပါတယ်။

          ရန်ကုန်မြို့မှာ မီးပွိုင့် ၁၅၄ ပွိုင့်ရှိပြီး နားခိုတဲမရှိလို့ ယာဉ်ထိန်းရဲ လုံခြုံရေး မရှိတဲ့ ပွိုင့်က ၂၂ ပွိုင့်ရှိပါတယ်၊ ဒါကြောင့် ကျန်တဲ့ ပွိုင့်တွေနဲ့ အဓိက ယာဉ်ကြောပိတ်ဆို့တဲ့ လမ်းတွေက ကျောင်းတွေမှာ ယာဉ်ထိန်းရဲ အင်အားကို ပိုပြီး ချထားတယ်လို့ သိရပါတယ်။

          Your Thoughts …
          Tags: TrafficYangon
          မေစစ်ပိုင်

          မေစစ်ပိုင်

          ဧရာဝတီ

          Similar Picks:

          ဗိုလ်ချုပ် အောင်ဆန်းနှင့် ပြည်သူ့ ကျန်းမာရေး

          ဗိုလ်ချုပ် အောင်ဆန်းနှင့် ပြည်သူ့ ကျန်းမာရေး

          by ခင်မောင်ထွေး (ပျဉ်းမနား)
          14 May 2014
          5.3k

          ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘ၀ကို လေ့လာကြည့်သော အခါ မည်သည့် အားကစားနည်းနှင့်မှ နီးစပ်ခဲ့ခြင်း မရှိသည်ကို တွေ့ရ သည်။

          ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည

          ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည

          by မေရီကို
          30 October 2012
          14.2k

          ကျနော်တို့ လူလတ်ပိုင်းဖြစ်လာတဲ့ ဒီအချိန် သိသိသာသာလေး ပျောက်လာချင်သလားလို့။ အမှန်က မဖြစ်သင့်ဘူးဗျ။ ကျနော်တို့ ခုနောက်ပိုင်း လူငယ်တွေ ဘယ်လောက် အလုပ်များနေတယ်ဆိုဆို ရိုးရာတခုကို ထိန်းသိမ်းသင့်တယ်လေ

          ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြဿနာများ လိပ်ခဲတည်းလည်း ရှိနေဆဲ

          ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြဿနာများ လိပ်ခဲတည်းလည်း ရှိနေဆဲ

          by ထက်နိုင်ဇော်
          9 April 2013
          2.8k

          ရပ်ကျေး အုပ်ချုပ်ရေး မှူးသစ် ရွေးချယ် ခန့်ထားရာ၌ ပေါ်ပေါက် ခဲ့သည့် ပြဿနာ အများ အပြားမှာ ယနေ့ အချိန် အထိ ပြေလည်မှု မရှိသေးကြောင်း သိရသည်။

          ဒေးကလပ်ကို သွားကြမလား

          ဒေးကလပ်ကို သွားကြမလား

          by မေစစ်ပိုင်
          20 August 2013
          7k

          ညဘက်ပိုင်း အိမ်ကနေ အပြင်ထွက်ဖို့ ခက်တာ၊ ကျောင်းချိန်မှာ အတန်းမတက်ဘဲ အပြင်သွားချင်တာ၊ သူငယ်ချင်းတွေနဲ့ စုရုံး ပျော်ပါးချင်တဲ့ စိတ်တွေကြောင့် ကျောင်းသား လူငယ် အများစုက Day Club ကို လာတတ်ကြပါတယ်။

          ဖောင်ကြီးမှာ ရာထူးဝန်အဖွဲ့ မတရားလုပ်သလား

          ဖောင်ကြီးမှာ ရာထူးဝန်အဖွဲ့ မတရားလုပ်သလား

          by ထက်နိုင်ဇော်
          2 September 2013
          5.6k

          ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) ကျောင်းတွင် တက္ကသိုလ်အတွင်း မသမာမှုများ ဆောင်ရွက်နေခြင်းကို ပြည်ထောင်စု ရာထူးဝန် အဖွဲ့ထံသို့ တင်ပြခဲ့ရာ တရားမျှတစွာ မဆုံးဖြတ်ဘဲ မိမိကို တက္ကသိုလ်ဆရာ အဖြစ်မှ အလုပ်ထုတ်ခဲ့ကြောင်း

          အာဇာနည်ကုန်းမှာ ဘာမှတ်တမ်းမှ မရှိပါ

          အာဇာနည်ကုန်းမှာ ဘာမှတ်တမ်းမှ မရှိပါ

          by ထက်အောင်ကျော်
          12 July 2013
          6.6k

          အာဇာနည်နေ့မှာ ဥဩဆွဲ အလေးပြုဖို့ တိုက်တွန်းတာအပြင် အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ မှတ်တမ်းတွေကို အာဇာနည်ဗိမာန်မှာ အမြန်ရေးထိုးပေးဖို့ လိုအပ်နေပါကြောင်း အလေးအနက် တိုက်တွန်း တင်ပြလိုက်ရပါတယ်။

          Next Post
          မလေးရှားတွင် ဆက်တိုက် တိုက်ခိုက်ခံရမှု မြန်မာနိုင်ငံသား ၆ ဦးထက်မနည်း သေ

          မလေးရှားတွင် ဆက်တိုက် တိုက်ခိုက်ခံရမှု မြန်မာနိုင်ငံသား ၆ ဦးထက်မနည်း သေ

          အောင်ကိုလတ်ရဲ့ “ကယန်းအလှ” ရွှေကြက်ဖရုပ်ရှင်ပွဲတော် ဝင်ပြိုင်မည်

          အောင်ကိုလတ်ရဲ့ “ကယန်းအလှ” ရွှေကြက်ဖရုပ်ရှင်ပွဲတော် ဝင်ပြိုင်မည်

          Please login to join discussion
          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          2 days ago
          11.6k
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          5 days ago
          10.6k

          Most Read

          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0
          • လမ်ပန်းက ပြန်ခဲ့တယ်

            shares
            Share 0 Tweet 0
          • စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved