သတင်းတို
ရှမ်းပြည်နယ်အတွင်း ထွန်တုံးတိုက်ပွဲဝင် လယ်ယာ ပိုင်ရှင်များ ဖမ်းဆီးခံရ
This article has been converted from Zawgyi One to Unicode
Want create site? Find Free WordPress Themes and plugins.
ရှမ်းပြည်နယ် အင်းလေးကန် အနီး ဟိုတယ်ဇုန် ဆောက်ရန် သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်လည် ရရှိရေး ထွန်တုံး တိုက်ပွဲဝင်သည့် ဦးဆောင်သူ လယ်ယာပိုင်ရှင် ၈ ဦး ယမန်နေ့က ဖမ်းဆီး ခံရကြောင်း သိရသည်။ ၎င်းတို့ကို ညောင်ရွှေ ရဲ တပ်ဖွဲ့က ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ သိမ်းဆည်းခံထားရသည့် ကံဘဲ့ ရွာနှင့် အင်ကြင်းကုန်း ရွာမှ တောင်သူ ၈၃ ဦး ပိုင် လယ်ယာမြေ ဧက ၁၀၀ ကျော် ပြန်လည် ရရှိရေးအတွက် ပြီးခဲ့သည့် ရက်ပိုင်းက ထွန်တုံး တိုက်ပွဲ ဆင်နွှဲခြင်း ဖြစ်ကြောင်း ဘီဘီစီ သတင်းတွင် ပါရှိသည်။ သာစည်မြို့နယ်တွင်လည်း သိမ်းဆည်းခံ လယ်မြေ ဧက ၃၀၀၀ ကျော်ပြန်ရရေး ထွန်တုံး တိုက်ပွဲ ဆင်နွှဲသူများကို ဖမ်းဆီး တရားစွဲဆို ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
Did you find apk for android? You can find new Free Android Games and apps.