သတင်းတို

မလေးရှားရှိ မြန်မာများအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ ကူညီ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံမှ ပုဂ္ဂလိက လုပ်ငန်းရှင်များက မလေးရှားနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေသော မြန်မာနိုင်ငံသားများအတွက် အကူအညီနှင့် အလှူ ငွေများ ပေးမည်ဖြစ်ကြောင်း သတင်းရသည်။ မက်စ်မြန်မာ ဦးဇော်ဇော်က လူဦးရေ ၁၀၀၀ အတွက် လေယာဉ် လက်မှတ် အခမဲ့ နှင့် ဒေါ်လာ ၂၀၀၀၀ လှူဒါန်းမည် ဖြစ်ကြောင်း ၊ ကမ္ဘောဇ ဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်းက ဒေါ်လာ ၅၀၀၀၀ နှင့် လေယာဉ် လက်မှတ် ၅၀ ရာခိုင်နှုန်း ဈေးလျှော့ပြီး အစိုးရနှင့် ညှိနှိုင်း၍ လေယာဉ် အခေါက်ရေ အကန့်အသတ်မရှိ ပြေးဆွဲမည် ဖြစ်ကြောင်း၊ MAI လေကြောင်း လိုင်းက ဇွန် ၁၂ ရက်ကနေ တလ တိတိ လေယာဉ်လက်မှတ် ၅၀ ရာခိုင်နှုန်းလျှော့ပေး မည် ဖြစ်ကြောင်းနှင့် Eleven media group က ဒေါ်လာ ၁၀၀၀ လှူဒါန်းကြောင်း သိရသည်။

Loading