ဥရောပ သမဂ္ဂ(EU)က မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးခံစားခွင့်ရ တိုင်းပြည် အနေနှင့် ပြန်လည် စာရင်းသွင်းတော့မည် ဖြစ်ကြောင်း သတင်းရသည်။ ယင်း အစီအစဉ်ကို ယခုလ ၂၀ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း ဥရောပ ကော်မရှင်၏ ပြောခွင့်ရ ဂျွန် ကလန်စီ (John Clancy) ကို ကိုးကား၍ ဗီအိုအေ သတင်း၌ ဖော်ပြထားသည်။ ကုန်သွယ်ရေး အထူးခံစားခွင့် ရရှိပါက မြန်မာ နိုင်ငံ အနေနှင့် လူဦးရေ သန်း ၅၀၀ ခန့်ရှိ EU ၂၇ နိုင်ငံ ဈေးကွက်ကို စစ်လက်နက် ပစ္စည်းမှအပ ကုန်ပစ္စည်းများ လွတ်လပ်စွာ တင်ပို့ ရောင်းချခွင့် ရရှိမည် ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေများ ဆိုးရွားမှုကြောင့် EU က ပိတ် ဆို့ ဒဏ်ခတ်မှုများ ချမှတ်ခဲ့ရာ ကုန်သွယ်ရေး အထူးခံစားခွင့်ကိုလည်း ၂၀၀၃ ခုနှစ်က ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။