သတင်းတို

မလေးရှားရှိ မြန်မာများအရေး ဖြေရှင်းရန် အစိုးရကိုယ်စားလှယ်အဖွဲ့ သွားရောက်

This article has been converted from Zawgyi One to Unicode

မလေးရှားနိုင်ငံရှိ မြန်မာ နိုင်ငံသားများ ကြုံတွေ့နေရသော အခက်အခဲများ စုံစမ်းစစ်ဆေးရန်နှင့် အကာအကွယ်ပေးမှုများ အတွက် အစိုးရ အထူး ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က သွားရောက်ကြောင်း သတင်းရသည်။ ယင်းအဖွဲ့ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဇင်ယော် ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါ်ဝင်းမော်ထွန်း တို့ ဦးဆောင်၍ သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ မလေးရှားတွင် မေလ ၃၀ ရက်မှစတင်၍ မြန်မာနိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံ၍ သေဆုံးသူ ၆ ဦးခန့်ရှိပြီ ဖြစ်သည်။

Loading