သတင်းတို

ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ဆိုင်ရာ ဒုတိယ ညီလာခံ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ဆိုင်ရာ ဒုတိယအကြိမ် ထိပ်သီး ညီလာခံကို မြန်မာနိုင်ငံ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဇွန်လ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်းညီလာခံသို့ မြန်မာနိုင်ငံ စွမ်းအင် ပညာရှင်များ အပါအဝင် အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ စင်္ကာပူ၊ ထိုင်း ၊ ဖိလစ်ပိုင် စသည့်နိုင်ငံများမှ တက်ရောက် ဆွေးနွေးကြမည်ဖြစ်ကြောင်း ထုတ်ပြန် ထား သည်။ ပထမအကြိမ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဆိုင်ရာညီလာခံကို ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က ၂၉ ရက်အထိ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပခဲ့သည်။

Loading