ထိုင်းဘုရင့် ရေတပ် ဦးစီးချုပ် Admiral Surasak Rounroengrom နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံ သည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ရေတပ်မတော် ဆက်ဆံရေးတိုးမြှင့်ရန်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ၊ နှစ်နိုင်ငံရေပိုင်နက် လုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး များကို ဆွေးနွေးကြကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။