ရန်ကုန်တက္ကသိုလ် ကို အကြီးစား မွမ်းမံ ပြင်ဆင်နေမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ၂၀၁၁ ခုနှစ်မှ စတင်၍ ကျပ် သန်းပေါင်း ၃၈၀၀ ကျော် အကုန်အကျခံပြီး ဘွဲ့နှင်းသဘင်ခန်းမ၊ အဓိပတိ လမ်း၊ မန္တလေးဆောင်၊ တောင်ငူဆောင်၊ ဝေသာလီဆောင်၊ ရာမည ဆောင် ၊ အမရဆောင် စသည့် စာသင်ဆောင်များ ကားလမ်းများ၊ ခြံစည်းရိုးများ၊ လမ်းမီးတိုင်များ၊ ရေနုတ်မြောင်းများ ကို ပြင်ဆင် နေကြောင်း၊ ရန်ကုန်တက္ကသိုလ်ကို အမေရိကန်၊ တောင်ကိုရီးယား တက္ကသိုလ်များနှင့် ပူးပေါင်း၍ ပညာရေးအဆင့်မြှင့် ဆောင်ရွက် ရန် လာရောက် သင်ကြားပို့ချမည့် နိုင်ငံခြားပညာရှင်များ နေထိုင်ရေးအတွက်လည်း စီစဉ်နေကြောင်း မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။