ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ စတင်သူ ဟု ဆိုသော ကိုနေဝင်း ဆိုသူကို ယမန်နေ့က လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ၎င်းကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေ ဆိုင်ရာ ပုဒ်မ၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှု၊ ပြင်းထန်စွာနာကျင် စေမှုတို့ဖြင့် ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု The Voice Weekly သတင်းတွင် ဖော်ပြထားသည်။ မေလ ၂၈ ရက်နေ့က လာရှိုးမြို့တွင် အမျိုးသမီး တဦးအား ကိုနေဝင်းက ဓာတ်ဆီလောင်း မီးရှို့ခဲ့ရာမှ ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ပြီး လူတဦးသေဆုံး၍ ၅ ဦး ဒဏ်ရာ ရရှိကာ လူနေအိမ် ၅ လုံး၊ ရုပ်ရှင်ရုံ တရုံ၊ ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁၁ စီး မီးလောင် ပျက်စီးခဲ့ ဆုံးရှုံးခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။